DVB
ရှမ်းပြည်နယ် အောင်ပန်းမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့မနက် ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ရဲက အင်အားအလုံးအရင်းနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
စစ်တပ်နဲ့ရဲတပ်ဖွဲ့က သေနတ်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ထွက်ပြေးတိမ်းရှောင်တဲ့ ဆန္ဒပြပြည်သူတွေကို နေအိမ်တွေထဲထိ ဝင်ရိုက်ကာ အိမ်တွေကိုလည်း ခဲတွေနဲ့ ပစ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးနောက် အမျိုးသမီး ၂ ဦးအပါအဝင် ဆန္ဒပြသူ ၇ ဦးအား အချုပ်ကားပေါ် ရိုက်နှက် ဖမ်းဆီးခေါင်ဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးသွားသူတွေကို တောင်လေးလုံး အကျဉ်းထောင်ပို့မယ်လို့ သိရကြောင်း ဒေသခံက ဆိုပါတယ်။