ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် မတ် ၁၂ ရက်နေ့ညက စစ်အာဏာရှင်ဆန့်ကျင်တဲ့ ညသပိတ်ကို စစ်တပ်က လက်နက်အားကိုးပြီး အကြမ်းဖက်ဖြိုခွင်းသွားပါတယ်။
စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက အသံဗုံးတွေနဲ့ တရစပ်ပစ်ဖောက်ပြီး အိမ်တွေကို လေးခွတွေနဲ့ လိုက်ပစ်ကာ ဆဲရေးတိုင်းထွာတဲ့ စကားလုံးများနဲ့ စည်းမရှိကမ်းမရှိ ပြောဆိုသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်နေ့တွေမှာ သပိတ်ထပ်လုပ်ရင် ဒီရပ်ကွက်မှာ မီးရှို့ပစ်မယ်လို့လည်း ကြိမ်းမောင်းသွားတယ်လို့ ဆိုပါတယ်။
လမ်းတွေထဲက အိမ်စီးကားတစ်ချို့ရဲ့ မှန်တွေကို မင်းမဲ့စရိုက်ဆန်စွာ ရိုက်ခွဲဖျက်ဆီးသွားတာ တွေရှိခဲ့တယ်လို့ ပြောပါတယ်။