ထိုင်းဘက်ခိုးဝင်သူ မြန်မာ ၃၂ ဦးထဲက ၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့

ပြီးခဲ့တဲ့ မတ် ၃ ရက်က ထိုင်းနိုင်ငံထဲ ခိုးဝင်ခဲ့ကြတဲ့ မြန်မာနိုင်ငံသား ၃၂ ဦးထဲက ၄ ဦးမှာ ကိုဗစ်-၁၉ ရောဂါ ပိုးစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ပရာချွတ်ခီရိခန်ခရိုင် အုပ်ချုပ်ရေးမှူး ဖန်းလော့ပ် ဆင်ဂါဆီနိက ပြောပါတယ်။

       “ဒီမြန်မာရွှေ့ပြောင်းလုပ်သားတွေ နယ်စပ်တောလမ်းကတဆင့် တရားမဝင် ခိုးဝင် လာချိန်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ရောဂါကူးစက်ခံထားရသူတွေကိုတော့ ပရာ ချွတ်ခီရိခန် ဆေးရုံကို ဆေးကုသမှု ခံယူနိုင်ဖို့ ပို့ဆောင်ထားပါတယ်”

       ရောဂါစစ်ဆေးမှု ရလဒ်တွေ ထွက်မလာခင်မှာ သူတို့ကို ရဲစခန်း ၃ ခုမှာ ဖမ်းဆီး ထိန်းသိမ်းထားခဲ့တာဖြစ်ပြီး ရောဂါပိုးတွေ့သူတွေနဲ့ ထိတွေ့မှုရှိခဲ့တဲ့ ဝန်ထမ်း ၁၂၈ ဦးနဲ့ တခြားအချုပ်သား ၂၉ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

       “ရောဂါကူးစက်နိုင်ချေ မြင့်တဲ့ အုပ်စုကို ဆေးစစ်ရာမှာ ကူးစက်မှုမရှိခဲ့ပါဘူး။ ကူး စက်နိုင်ချေနည်းတဲ့ အုပ်စုထဲက ၁၁၆ ယောက်ကိုတော့ နေအိမ်မှာ ကွာရန်တင်းဝင်စေပြီး သူတို့ရဲ့ ရောဂါလက္ခဏာတွေကို စောင့်ကြည့်နေပါတယ်။”

       ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ရှိလာခဲ့ပြီး တကျော့ပြန် ကူးစက်မှုတွေ ရှိလာချိန် မတ် ၁၁ ရက်နေ့အထိ ပရာချွတ်ခီရိခန်ခရိုင်ထဲမှာ ရောဂါကူးစက်ခံရသူ ၈ ဦးသာ ရှိခဲ့တာ ဖြစ်ပါတယ်။

       အဲဒီထဲက ၅ ဦးကတော့ ဆေးရုံတက်ရောက် ကုသမှု ခံယူနေပြီး ၃ ဦးကတော့ ပြန် လည်ပျောက်ကင်းသက်သာခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

       လက်ရှိမှာတော့ မြန်မာနိုင်ငံဘက်က ခိုးဝင်ရွှေ့ပြောင်းအလုပ်သမားတွေကတဆင့် ခရိုင်တွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေဟာ ၄၀ ကျော်လာခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

       ထိုင်းနိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေဟာ ၂၆,၆၇၉ ဦးနဲ့ သေဆုံးသူ ၈၅ ဦး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up