ဗြိတိန်ကျောင်းဆရာများ ဆန္ဒပြ၊ ပုဂ္ဂလိကကျောင်း ၃၅၀၀ ခန့် ခေတ္တပိတ်

1.5K
ဗြိတိန်နိုင်ငံက ပုဂ္ဂလိကကျောင်းဆရာတွေရဲ့ လစာငွေ၊ ပင်စင်ကြေးနဲ့ လူမှုဖူလုံရေးစနစ်တွေကို အစိုးရက ဖြတ်တောက်လိုက်လို့ ဆရာတွေ ဆန္ဒပြနေကြတဲ့အတွက် နိုင်ငံတ၀ှမ်းရှိ ပုဂ္ဂလိကကျောင်းပေါင်း ၃၅၀၀ လောက်ကို ခေတ္တ ပိတ်ထားလိုက်ရပါတယ်။
ဗြိတိန်ရဲ့ အင်အားအကြီးဆုံး ကျောင်းဆရာများသမဂ္ဂ ၂ ခုက စီစဉ်တဲ့ ဆန္ဒပြပွဲမှာ မူလတန်းနဲ့ အလယ်တန်းကျောင်းဆရာတွေဟာ မနေ့ မနက် ၁၀ နာရီလောက်မှာ လမ်းတွေပေါ်မှာ စုဝေးကြပြီး လန်ဒန်မြို့တော်ခန်းမဆီကို ချီတက်ဆန္ဒပြကြတာ ဖြစ်ပါတယ်။
ဗြိတိန်တနိုင်ငံလုံး ဆန္ဒပြကြတဲ့အတွက် လန်ဒန်က ကျောင်းပေါင်း ၄၄၅ ကျောင်းနဲ့ တောင်ပိုင်းက ဟမ့်ပ်ရှိုင်းယားနယ်မြေရှိ နောက်ထပ် ကျောင်းပေါင်း ၂၀၀ ကိုလည်း ပိတ်ထားပါတယ်။
ပင်စင်ငွေတွေနဲ့ ပညာရေးရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတွေကို လျှော့ချ ရုပ်သိမ်းလိုက်တာနဲ့ ကျောင်းဆရာတွေရဲ့ လစာငွေစနစ်အပေါ် အစိုးရဦးဆောင်တဲ့ ပြုပြင်ပြောင်းလည်း လုပ်ဆောင်မှုတွေ ပတ်သက်ပြီး တနိုင်ငံလုံးက ဆရာတွေ မကျေမနပ် ဖြစ်ကြတာ ဖြစ်ပါတယ်။
အစိုးရရဲ့ ခုလို ကျောင်းဆရာတွေရဲ့ လစာငွေနဲ့ ပင်စင်ကြေးတွေကို ဖြတ်တောက် လိုက်တာကြောင့် ၂၀၁၆ ခုနှစ် နောက်ပိုင်းကျရင် ဘွဲ့ရလူငယ်တွေရဲ့ ကျောင်းဆရာ လုပ်ချင်စိတ် ထက်သန်နေတာတွေ လျော့နည်းသွားတော့မယ်လို့ ဆန္ဒပြသူတွေက ထုတ်ဖော် ပြောကြားပါတယ်။