မလေးရှားနိုင်ငံပိုင် ရေနံကုမ္ပဏီ ဒေါ်လာ သန်း ၂၀၀ မှ ၃၀၀ ကြား ရင်းနှီးမြှုပ်နှံမည်

1.3K
မြန်မာအစိုးရဆီကနေ ကုန်းတွင်းလုပ်ကွက် စုစုပေါင်း ၄ ကွက် ရရှိထားပြီးဖြစ်တဲ့ မလေးရှားအခြေစိုက် ပီထရိုနပ်စ်ကုမ္ပဏီဟာ လုပ်ကွက် ၁ ကွက်စီအတွက် အမေရိကန် ဒေါ်လာ ၁၅ သန်းလောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားမှာဖြစ်ပြီး နောက်ထပ် ကမ်းလွန်လုပ်ကွက် ၃ ကွက်
ထပ်ရအောင်လည်း ကြိုးစားသွားမယ်လို့ ကုမ္ပဏီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထွေထွေမန်နေဂျာ မစ္စတာ အာမက်လွတ်ပီဘင်ဟာရွန် က ပြောပါတယ်။
အောက်တိုဘာ ၁၇ ရက် ရန်ကုန်မှာ လုပ်တဲ့ ကုန်းတွင်းလုပ်ကွက် တင်ဒါအောင်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
ကမ်းလွန် လုပ်ကွက်မှာ လုပ်ခွင့်ရရင်တော့ တကွက်ကို ဒေါ်လာ သန်း ၂၀၀ ကနေ ၃၀၀ ကြားအထိ ရင်းနှီးမြှုပ်နှံသွားဖို့ ရှိတယ်လို့ သူက ပြောပါတယ်။
မလေးရှားနိုင်ငံပိုင် ပီထရိုနပ်စ်ရေနံကုမ္ပဏီဟာ မြန်မာနိုင်ငံရဲ့ ရဲတံခွန် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးစီမံကိန်းမှာ အစုရှယ်ယာဝင်အနေနဲ့ ၁၉၉၀ ကတည်းက ၀င်ရောက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။