မှောင်ခို သစ်ထုတ်လုပ်မှု ထိထိရောက်ရောက် မတားဆီးနိုင်
DVB
·
October 18, 2013
မြန်မာနိုင်ငံကနေ တရားမ၀င်မှောင်ခိုလမ်းကြောင်းက ထွက်ပြီး တရုတ်ပြည်က တဆင့် ထုတ်လုပ်တဲ့ သစ်အရေအတွက်ဟာ တရားဝင် ပြည်တွင်းက ထုတ်လုပ်ပြီး ပြည်ပ တင်ပို့နေတဲ့ ပမာဏထက် ပိုများနေကြောင်း သစ်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ဦးထွန်းမောင်က ပြောတာကို ဒီနေ့ထုတ် ပြည်ထောင်စု နေ့စဉ်သတင်းစာမှာ ဖော်ပြထားပါတယ်။
နယ်စပ်တွေမှာဆို လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိနေတဲ့အတွက် မှောင်ခို သစ်ထုတ်လုပ်မှုကို ထိထိရောက်ရောက် မတားဆီးနိုင်ဘူးလို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ ရောက်ရင် သစ်အလုံးလိုက် တင်ပို့မှု လုံးဝ ရပ်ဆိုင်းရမှာ ဖြစ်တဲ့အတွက် သစ်အချောထည် ထုတ်လုပ်တဲ့လုပ်ငန်း ပိုများလာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ အစိုးရပိုင်နဲ့ ပုဂ္ဂလိကပိုင်ပါ သစ် အချောထည်လုပ်တဲ့ စက်ရုံ ၃၀၀ လောက် ရှိနေပါတယ်။
အစိုးရက ကျပ် ၁၅၀၀ သတ်မှတ်ပြီး ခွဲတမ်းနဲ့ ရောင်းပေးနေတဲ့ ဆင်းကတ်အမျိုးအစား အားလုံးနီးပါး ကျပ် ၁ သိန်းကျော် ဈေးပေါက်နေပါတယ်။
မြန်မာ့ဆက်သွယ်ရေးဟာ လက်ရှိအချိန်ထိ မိုဘိုင်းဖုန်း ၆ သန်းနီးပါး တပ်ဆင်ထားနိုင်ပြီး၊ ဒါဟာ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းပဲ ရှိသလို အာဆီယံ ၁၀ နိုင်ငံထဲမှာ ပြည်သူတွေ မိုဘိုင်းဖုန်း ကိုင်ဆောင်မှု ရာခိုင်နှုန်း အနိမ့်ဆုံး နိုင်ငံတနိုင်ငံ ဖြစ်နေပါသေးတယ်။