စမွတ်ပရကန်တွင် အထည်ချုပ်စက်ရုံ ရုတ်တရက်ပိတ်သိမ်း လုပ်သား ၁၂၀၀ ကျော် အလုပ်ပြုတ်

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ပရကန်ခရိုင် ဘန်ဖရီမြို့ စက်မှုဇုံထဲရှိ အထည်ချုပ်စက်ရုံ ၁ ရုံဟာ ရုတ်တရက်ပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမားပေါင်း  ၁၂၀၀ ကျော် ချက်ချင်း အ လုပ်လက်မဲ့ဖြစ်သွားခဲ့ရပါတယ် ။ 

ဒီမတိုင်ခင်ရှေ့က စက်ရုံမန်နေဂျာက အလုပ်သမားတွေကို ၄ ရက်အလုပ်နားဖို့ပြောထားပြီး မတ်လ ၁၁ ရက် ကနေ့မနက်စောစောမှာ အလုပ်သမားတွေ လုပ်ငန်းခွင်ဝင်ဖို့ ကိုယ်စီကိုယ်ငှ ရော က်လာကြရာမှာတော့ စက်ရုံတံခါးပိတ်ထားပြီး သူတို့စက်ရုံကအထည်တွေ အော်ဒါမှာသူမရှိတဲ့ အပြင် ချုပ်ပြီးသားအထည်တွေလည်းပုံနေတာကြောင့် အရှုံးပေါ်လျက်ရှိကြောင်း ၊ ဒါကြောင့်မို့ စက်ရုံကို ပိတ်သိမ်းလိုက်ကြောင်း ကြော်ငြာစာကပ်ထားတယ်လို့ ဆိုပါတယ် ။ 

အလုပ်သမားတွေဟာ စက်ရုံရှေ့မှာ နာရီအတော်ကြာစောင့်ဆိုင်းနေပေမယ့် စက်ရုံတာ ဝန်ရှိ သူတွေက ထွက်မတွေ့တာကြောင့် အလုပ်သမားစွမ်းရည်မြှင့်တင်ရေးဌာနကို ချီတက်သွားရောက်ပြီး တိုင်တန်း ခဲ့ပါတယ် ။ 

အဆိုပါဌာနက အလုပ်သမားတွေကိုလုပ်သက် ၊ ရရန်ရှိတဲ့လုပ်အားခ ၊ ရုတ်တရက် အ လုပ်ဖြုတ်ခံရတဲလျော်ကြေးငွေ ပမာဏစတာတွေကို ဖောင်ဖြည့်ခိုင်းပြီး ခရိုင်အလုပ်သမား ကာ ကွယ်စောင့်ရှောက်ရေးဌာနကိုပို့ဆောင်ပေးခဲ့ကြောင်း ၊ အဲဒီကနေတဆင့် စက်ရုံပိုင်ရှင်ကိုဆက်သွ ယ်ကာ အလုပ်သမားတို့ရဲ့ နစ်နာကြေးအဝဝကို လာရောက်ပေးဆောင်ဖို့ ဆင့်ခေါ်ထားတယ်လို့  ဒေ လီနယူးစ် ထိုင်းသတင်းမှာ ဖော်ပြထားပါတယ် ။ 

Photo: v2maungprakarn 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up