Home
မြန်မာသတင်း
ရွှေကူမြို့တွင် ဌာနပေါင်းစုံက CDM ဝန်ထမ်း ၇၀၀ နီးပါးရှိလာ
DVB
·
March 11, 2021

ကချင်ပြည်နယ် ရွှေကူမြို့မှာ မတ် ၁၁ ရက်နေ့အထိ ဌာနပေါင်းစုံက CDM ပြုလုပ်သူဝန်ထမ်း ၇၀၀ နီးပါးရှိလာပြီလို့ သိရပါတယ်။

အဆိုပါ CDM ဝန်ထမ်း ၇၀၀ နီးပါးမှာ ပညာရေးဌာနက ၄၀၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး ကျန်းမာရေးက ၁၀၀ ကျော်နဲ့ အခြားဌာနအသီးသီးက ဝန်ထမ်းတွေနဲ့ စုစုပေါင်း ၇၀၀ နီးပါးရှိလာတာဖြစ်ပြီး နေ့စဉ်ထပ်တိုးစာရင်းတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ CDM ဝန်ထမ်းတွေအတွက် ပြည်သူတွေက စုပေါင်းထောက်ပံ့တဲ့ အလှူငွေပေါင်း  သိန်း ၅၀၀ နီးပါးအထိရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

ရွှေကူမြို့မှာ ဒီနေ့အထိ လဝက စာရင်းစစ် အခွန်နဲ့ စီမံကိန်းဌာနတွေကတော့ CDM မှာ ပါဝင်လာခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ရွှေကူမြို့မှာ ဌာနအသီးသီးကဝန်ထမ်းအင်အားစုစုပေါင်း ၁၀၀၀ ကျော်ရှိပြီး (စစ်တပ်မပါ) လက်ရှိအခြေအနေအရ CDM မှာ ပါဝင်လာမှုရာခိုင်နှုန်း မြင့်တက်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024