Home
မြန်မာသတင်း
မဇ္ဈိမနှင့် ကမာရွတ်မီဒီယာရုံးတို့ကို စစ်တပ်နှင့်ရဲက အကြမ်းဖက် ဝင်ရောက်စီးနင်း
DVB
·
March 9, 2021

မဇ္ဈိမမီဒီယာရဲ့  ရန်ကုန်ရုံးကို  စစ်တပ်၊ ရဲ အင်အားအများအပြားနဲ့  မတ်လ ၉  ရက် ညနေ ၄ နာရီခွဲ ဝန်းကျင်က ဝင်ရောက်စီးနင်းခဲ့တယ်လို့  မဇ္ဈိမမီဒီယာက ထုတ်ပြန်ကြေညာပါတယ်။

မဇ္ဈိမသတင်းဌာနအနေနဲ့ အဆိုပါရုံးကို  စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အသုံးပြုခြင်းမရှိတော့ဘူးလို့လည်းဆိုပါတယ်။

သန်လျင် Star စီးတီးမှာရှိတဲ့ မဇ္စျိမသတင်းဌာနကို ရုံးခန်းကို ရဲနဲ့ စစ်တပ်ပါဝင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ကားအစီး​ရေ ၁၀ ​​ကျော် အင်အားအလုံးအရင်းနဲ့ ဝင်​ရောက် စီးနင်း ရှာ​ဖွေ​ခဲ့တာဖြစ်ပြီး သတင်းသမားတွေကတော့ ဖမ်းဆီးခံရခြင်းမရှိဘူးလို့ သိရပါတယ်။

ကမာရွတ်မီဒီယာရုံးခန်း

အလားတူ ကမာရွတ်မြို့နယ် စံရိပ်ငြိမ် ၆ လမ်းမှာရှိတဲ့ Kamayut Media ရုံးကိုလည်း ဒီကနေ့ မွန်းလွဲ ၁ နာရီလောက်က စစ်ကား ၇ စီးလောက်နဲ့ အကြမ်းဖက်ဝင်ရောက်ပြီး ရုံးတွင်း ရှိနေသူ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ရုံးထဲမှာ ၂ နာရီနီးပါး ဝင်ရောက်ရှာဖွေခဲ့ပြီး ရုံးပစ္စည်းတွေအတော်များများကို စစ်တပ်ကသိမ်းယူသွားတယ်လို့ ကမာရွတ်မီဒီယာက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေနဲ့ ပတ်သတ်ပြီး လိုက်လံ စုံစမ်းနေတယ်လို့လည်း ပြောပါတယ်။

မနေ့ကလည်း Myanmar Now သတင်းဌာနကို ရဲနဲ့စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။ 

DVB ၊ Mizzima ၊ ခေတ်သစ်မီဒီယာ၊ Myanmar Now နဲ့ 7 Day  သတင်းမီဒီယာ  ၅ ခုကို ထုတ်ဝေခွင့်ရပ်ဆိုင်းကြောင်း အာဏာသိမ်းစစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက မတ်လ ၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Photo- Mizzima

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024