ဆားလင်းကြီးမြို့နယ်မှ CDM ဝန်ထမ်းများကို ထောက်ပံ့
DVB
·
March 9, 2021
ဒီနေ့ ဆားလင်းကြီးမြို့နယ် ငွေသာရွာနဲ့ ငွေသာရွာသစ်ဒေသခံတွေဟာ CDM ဝန်ထမ်းတွေကို ငွေ ၂ သိန်း၊ ဆန် ၁၃ တင်း၊ ကုလားပဲ ၂ တင်းကျော်၊ ကြက်သွန်နီ ၂၉ ပိဿာ ထောက်ပံ့ခဲ့ပါတယ်။
“မြို့ပေါ်က ဝန်ထမ်းတွေက စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်နေချိန်မှာ ကျနော်တို့ ကျေးရွာက လူတွေကလည်း ကျနော်တို့ တတ်နိုင်တာ ပေးနိုင်တာကို ပေးပြီး ဂုဏ်ပြုထောက်ပံ့တာပါ” လို့ ဒေသခံတယောက်က ပြောပါတယ်။