မန္တလေး ကုန်စည်ဒိုင်အတွင်း ဧည့်သည် ၀င်ရောက်ခွင့် ပိတ်ပင်
DVB
·
October 17, 2013
ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်း ဗုံးကွဲမှု၊ ဗုံးလန့်မှုတွေကြောင့် နာမည်ကြီး မန္တလေး ကုန်သည်၊ ပွဲစား၊ စက်ပိုင်တွေရဲ့ မဟာဘုံကထိန်တော်အသင်းခေါ် မန္တလေး ကုန်စည်ဒိုင်အတွင်း အဖွဲ့ဝင် မဟုတ်တဲ့ ဧည့်သည်တွေ ၀င်ရောက်ခွင့်ကို ရက်အကန့်အသတ် မရှိ ပိတ်ပင်လိုက်ကြောင်း အဖွဲ့ဝင် ဦးကျော်ကျော်က ပြောပါတယ်။
အသင်းလုံခြုံရေးအတွက် အသင်းတိုက် ၀င်ပေါက်ဝမှာ လုံခြုံရေး တာဝန်ရှိသူတွေရော၊ အသင်းတာဝန်ရှိသူတွေကပါ စစ်ဆေးနေပြီး ပဲနှမ်း၊ နမူနာအိတ်တွေကိုလည်း စနစ်တကျ စစ်ဆေးတယ်လို့ ပြောပါတယ်။
ကုန်စည်ဒိုင်မှာ အသင်းသား ၂၀၀၀ ၀န်းကျင် အသင်းသားကိုယ်စားလှယ် ၃၀၀၀ ကျော်၊ စုစုပေါင်း ကုန်သည် ၅၀၀၀ ကျော် အ၀င်အထွက် ရှိနေပါတယ်။
ကုန်စည်ဒိုင်ကို နိုင်ငံသား ဧည့်သည်တွေလည်း လာရောက်တတ်ပြီး အများဆုံး လာလေ့ရှိသူတွေကတော့ တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။
မန္တလေးမြို့မှာ လမ်း ၈၀ နဲ့ ၁၆ လမ်းထောင့် ရွှေဘဲစားသောက်ဆိုင်မှာ အောက်တိုဘာ ၁၄ ရက်နေ့ ညနေ ၂ နာရီကျော်က ဗုံးတလုံး တွေ့ရှိခဲ့ပြီး တာဝန်ရှိသူတွေ စနစ်တံဖြုတ်ဖို့ ကြိုးစားခဲ့ပေမယ့် မရနိုင်တော့တာကြောင့် ဖောက်ခွဲရှင်းလင်းခဲ့ကြပါတယ်။