ရေးမြို့သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရမှုကြောင့် ၂ ဦး ဒဏ်ရာရ
DVB
·
March 9, 2021
မွန်ပြည်နယ်၊ ရေးမြို့မှာ ရက် ၃၀ မြောက် ဒီနေ့မနက် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက သေနတ်နဲ့ အချက် ၂၀ ကျော် ပစ်ခတ် ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။
ရေးမြို့ ဆန္ဒပြပွဲကို ဒီနေ့မနက် ၉ နာရီလောက်ကစတင်ခဲ့ကာ ကရင်တိုင်းရင်းသားတွေ လာရောက်ပူးပေါင်းပြီး ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး လူစုခွဲခါနီး မနက် ၁၀ နာရီကျော်လောက်မှာ တပ်နဲ့ရဲက ပစ်ခတ် ဖြိုခွင်းခဲ့တာလို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး လက်ရှိ မြို့တွင်းမှာ ရဲနဲ့စစ်သားတွေ နေရာယူထားတယ်လို့ သိရပါတယ်။