ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၇ ရပ်ကွက် ရာမညထဲမှာ မတ်လ ၉ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဒေသခံတွေနဲ့ ပြည်သူတွေ ကျောင်းသားတွေပူးပေါင်းပြီး ဆက်လက်ပြခဲ့ကြပါတယ်။
ရပ်ကွက်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဖို့ လူစုနေချိန် မနက် ၈ နာရီလောက်မှာ ရဲတပ်ဖွဲ့သေနတ်ပစ်လူစုခွဲတာတွေပြုလုပ် ခဲ့ပေမယ့် လူပြန်စုပြီး ဆက်လက်ဆန္ဒပြခဲ့ကြတာပါ။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့ချိန် မျက်နှာချင်းဆိုင် ကနေ ကြွေးကြော်သံတွေအော်ပြီ ဆန္ဒပြသလို ရဲတွေပြန်တွေချိန်မှာ ရပ်ကွက်ထဲလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေ ပြုလုပ်လာခဲ့တာ ၃၁ ရက်မြောက်နေ့ရှိပြီလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့ ရက်ပေါင်း ၃၁ ရက်မှာ ရဲတပ်ဖွဲ့ရဲ့ သေနတ်ပစ်လူစုခွဲတာကို ခံရတာ ၃ ကြိမ်ရှိပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။