Home
မြန်မာသတင်း
CDM ဝန်ထမ်းများ အွန်လိုင်း ဝက်ဘက်ဆိုက်မှတဆင့် စာရင်းပေးသွင်းနိုင်
DVB
·
March 9, 2021

အာဏာသိမ်းစစ်အုပ်စုရဲ့ အမိန့်ကိုဆန့်ကျင်တဲ့ အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းတွေ အွန်လိုင်းမှ တဆင့် စာရင်းပေးသွင်းနိုင်တယ်လို့  CRPH ပြန်ကြားရေးနှင့် ပြည်သူ့ရေးရာကော်မတီက မတ်လ ၈ ရက်မှာ ပြည်သူသို့ အသိပေးတင်ပြထားပါတယ်။

CRPH(CDM Support Team) အနေနဲ့  CDM တိုက်ပွဲမှာ အသိစိတ်ဓာတ်ရဲရင့်ခိုင်မာစွာ အမှန်တကယ်ပါဝင်နေကြတဲ့ ပြည်သူ့ဝန်ထမ်း တစ်ဦးတစ်ယောက်ချင်းစီတိုင်း မှတ်တမ်းစာရင်းတွေ ပါဝင်လာနိုင်ဖို့နဲ့ လိုအပ်တဲ့ အကူအညီတွေ ရရှိနိုင်ဖို့  အွန်လိုင်းမှ တဆင့် အောက်ပါလင့်ခ်   https://cdm.crphmyanmar.org  ကနေတဆင့် စာရင်းပေးသွင်းပေးကြဖို့ မေတ္တာရပ်ခံ ပန်ကြားထားပါတယ်။

အရင်က Viber ဖုန်းနံပါတ်ကနေ စာရင်းကောက်ယူခဲ့ရာမှာ အခက်အခဲအတားအဆီးအမျိုးမျိုးကြောင့် အဆင်မပြေမှုတွေရှိခဲ့လို့  အနူးအညွတ် မေတ္တာရပ်ခံ တောင်းပန်အပ်တယ်လို့ ဆိုပါတယ်။

အခုဆင်နွှဲနေတဲ့  ပြည်သူလူထုတရပ်လုံးရဲ့  စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ Civil Disobedience Movement (CDM) အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဟာ အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်နေပြီး  စစ်အာဏာရှင်အထိနာနေတယ်လို့လည်း  ဆိုပါတယ်။

CRPH(CDM Support Team) အနေနဲ့  ရုံးမတက်ပဲ ရုန်းထွက်ခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကို  မှတ်တမ်းတင်ဖို့နဲ့  လိုအပ်တာတွေ ကူညီထောက်ပံ့နိုင်ရေးကို ရည်ရွယ်ချက်တူ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024