မိုးကုတ်မြို့၌ ကျဆုံးသွားသော အာဇာနည်များအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲ ပြုလုပ်
DVB
·
March 9, 2021
စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်ရင်း ကျဆုံးသွားတဲ့ အာဇာနည်တွေအတွက် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်မှာ မတ်လ ၈ ရက်ညက မိုးကုတ်မှုံကွင်းမှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
မိုးကုတ်မြို့ပေါ် ရပ်ကွက်တွေထဲမှာလည်း ရပ်ကွက်အလိုက် မီးထွန်းပြီး ဆုတောင်းပွဲ ပြုလုပ်ကြပါတယ်။ သံပုံးတီးပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို မိသားစုအလိုက် ညဘက် ၈ နာရီမှာ ပြုလုပ်ကြပါတယ်။