DVB သတင်းဌာန အပါအဝင် သတင်းမီဒီယာ ၅ ခုကို ထုတ်ဝေခွင့်ရပ်ဆိုင်းကြောင်း အာဏာသိမ်းစစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ မတ်လ ၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
အရင်က ထုတ်ဝေခွင့်ပြုပေးခဲ့တဲ့ DVB ၊ Mizzima ၊ ခေတ်သစ်မီဒီယာ၊ Myanmar Now နဲ့ 7 Day သတင်းဌာနတို့ရဲ့ ထုတ်ဝေခြင်းလုပ်ငန်းအသီးသီးကို ဒီကနေ့မှ စပြီး ပိတ်သိမ်းလိုက်ကြောင်း အဆိုပါ သတင်းဌာနတွေအနေနဲ့ မီဒီယာ အမျိုးအစားတခုခုကို အသုံးပြုလို့ ဖြစ်စေ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြုလို့ ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုဖို့ ကြေညာတဲ့ အကြောင်းဖော်ပြထားပါတယ်။
ဒီကြေညာချက်ကို MRTV နဲ့ မြဝတီရုပ်မြင်သံကြားတို့ကနေ ဒီကနေ့ညမှာ သတင်းထုတ်ပြန်ကြေညာ သွားတာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး DVB နဲ့ Mizzima တို့ရဲ့ Free-to- Air ရုပ်သံချယ်နယ်တွေကို လည်း ဖြတ်တောက်ပစ်ခဲ့တာဖြစ်ပါတယ်။