Standard Chartered Bank လူမှုဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံမည်
DVB
·
October 17, 2013

Standard Chartered Bank ဟာ မြန်မာနိုင်ငံရဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်သွားမယ်လို့ မြန်မာပြည်ရုံးခွဲ ကိုယ်စားလှယ်တာဝန်ခံ တီနာ ဆင်းစချာ (Tina Singhsacha) က ပြောပါတယ်။
အောက်တိုဘာ ၁၆ ရက်နေ့က လုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရှင်းလင်းပွဲနဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာ ဖြစ်ပြီး ၂၀၁၄ မတိုင်မီအထိ အစီအစဉ် ၃ ရပ် အကောင်အထည် ဖော်သွားမယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ ဆယ်ကျော်သက် အမျိုးသမီးငယ်တွေကို ပညာရေးနဲ့ စီးပွားရေးအခွင့်အလမ်း ဖော်ဆောင်ပေးတဲ့ အစီအစဉ်၊ စွန့်ဦးတီထွင်သူတွေအတွက် ပညာရေးအစီအစဉ်၊ အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ကိုင်နေသူတွေအတွက် ငွေကြေးဆိုင်ရာ အထောက်အကူပေးမယ့် အစီအစဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
စတင်းဒက်ချာတာဘဏ်ဟာ အာဆီယံ ၁၀ နိုင်ငံစလုံးမှာ ရုံးခွဲတွေဖွင့်ထားပြီး ကမ္ဘာအနှံ့ ရုံးခွဲပေါင်း ၁၇၀၀ ကျော် ဖွင့်လှစ်ထားတဲ့ နိုင်ငံတကာဘဏ်လုပ်ငန်းကြီး ဖြစ်ပါတယ်။
