ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ဒီနေ့မနက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ ပြည်သူ ၇ ဦး အဖမ်းခံရပါတယ်။
မိုးကောင်းပြည်ထောင်စုလမ်းမကြီးပေါ် ဆန္ဒပြနေချိန် ရဲတပ်ဖွဲ့က နောက်ကနေ ၀င်ဖမ်းဆီးတာဖြစ်ပြီး အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၃ ယောက် စုစုပေါင်း ၇ ယောက် ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။
မိုးကောင်းမှာ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ၁ ဦးလည်း ဖမ်းဆီးခံထားရတာကြောင့် စုစုပေါင်း ၈ ဦး အဖမ်းခံထားရပါတယ်။
ဒီနေ့ဆန္ဒပြပွဲမှာ မိုးကောင်းဒေသခံ ပြည်သူသာမက နမ္မတီးမြို့ ပြည်သူလူထုပါ ပူးပေါင်းပါ၀င်လာတာ တွေ့ရပါတယ်။
ဖမ်းဆီခံပြည်သူတွေ ပြန်လွတ်ဖို့ မြို့မိမြို့ဖတွေက သက်ဆိုင်ရာတာ၀န်ရှိသူများနဲ့ ဆွေးနွေးနေပါတယ်။