ချမ်းမြသာစည်မြို့နယ်တွင် ဆိုင်ကယ်ကို စစ်ကားဝင်တိုက်၊ ၃ ဦး ပြင်းထန်ဒဏ်ရာရ
DVB
·
March 8, 2021
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်း၊ ၅၇ လမ်းထောင့်မှာ မတ်လ ၈ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်က ယောက်ျားလေး ၂ ယောက်၊ မိန်းကလေး ၁ ယောက် စီးလာတဲ့ ဆိုင်ကယ်ကို စစ်ကားက ဝင်တိုက်ခဲ့ပါတယ်။
တိုက်ခံရတဲ့ ၃ ယောက်လုံး ဒဏ်ရာပြင်းထန်ပြီး အဲ့ဒီထဲက တစ်ယောက်ဟာ သတိမရဘူးလို့ ပတ်ဝန်းကျင်ရှိ မြင်တွေ့ရသူတွေက ပြောပါတယ်။
အခုအခါ ဆေးကုပေးနေတဲ့ နေရာတစ်ခုကို လူနာတင်ယာဉ်နဲ့ လိုက်ပို့ပေးထားတယ်လို့ သိရပါတယ်။