ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဌာနမှာ လက်နက်ကိုင် ရဲအင်အားအများအပြား မတ်လ ၇ ရက်ညကတည်းက ဝင်ရောက်တပ်စွဲထားတယ်လို့ ဆေးရုံဝင်းထဲမှာရှိနေသူတစ်ဦးက ပြောပါတယ်။
ဒီဗွီဘီက ဆက်သွယ်တဲ့ ည ၇ နာရီကျော်အချိန်ထိလည်း ရဲတပ်ဖွဲ့တွေ ဆက်ရှိနေတုန်းပဲလို့ ပြောပါတယ်။
ခုလိုတပ်စွဲရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ ဆေးရုံလုံခြုံရေးအတွက် လာရောက်တပ်စွဲ တာလို့ ပြောဆိုတယ်လို့လည်း သိရပါတယ်။
အလားတူ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး (ဂန္ဒီဆေးရုံ)မှာလည်း မတ်လ ၇ ရက် ညနေ ၅ နာရီလောက်မှာ ရဲအင်အား ၁၅ ယောက်လောက် ဝင်ရောက်နေရာယူစခန်းချထားတဲ့အတွက် ဗိုလ်တထောင် ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက ဆေးရုံဝင်းအရှေ့မှာ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပါတယ်။
ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးဝင်းထဲမှာလည်း ရဲတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
မြောက်ဥက္ကလာ ဝေဘာဂီ ဆေးရုံမှာလည်း ရဲအင်အား ၂၀ ဝန်းကျင် တပ်စွဲဖို့ ပြင်ဆင်နေတာကြောင့် ရပ်ကွက်လူထုက ကန့်ကွက်ခဲ့ကြပါတယ်။