တောင်ကိုရီးယား ကုန်သင်္ဘောတစီး နစ်မြုပ်၊ ၉ ဦး သေဆုံး

1.5K
တောင်ကိုရီးယားနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ ပိုဟန်(Pohang) မြို့နားမှာ ကုန်တင်သင်္ဘောတစင်း နစ်မြုပ်ခဲ့တာကြောင့် တရုတ်သင်္ဘောသား ၉ ဦး သေပြီး ၂ ဦး ပျောက်နေတယ်လို့ တောင်ကိုရီးယားကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။
Cheng Lui 15 လို့ နာမည်ပေးထားတဲ့ အဲ့ဒီကုန်တင်သင်္ဘောဟာ တန်ချိန် ၈ ထောင်ရှိပြီး ပနားမားနိုင်ငံမှာ မှတ်ပုံတင်ထားတာပါ။ တရုတ်သင်္ဘောသား ၁၈ ဦးနဲ့ ဗီယက်နမ် သင်္ဘောသား ၁ ဦးပါတဲ့ အဲ့ဒီကုန်တင်သင်္ဘောဟာ မနေ့က နစ်မြုပ်ခဲ့တာလို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
သင်္ဘော ဘာကြောင့် နစ်ခဲ့လဲဆိုတာ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ကမ်းခြေစောင့်တပ်ကတော့ သင်္ဘောရဲ့ ကျောက်ဆူး ပုံမှန်အလုပ် မလုပ်တာကြောင့် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။