မကွေးမြို့မှာ မတ်လ ၇ က်နေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဆက်လက် ဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးတွေ၊ အသံဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။
မကွေးမြို့ တောင်တွင်းလမ်းနဲ့ အဝေရာလမ်းမီးပွိုင့်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဖို့ စတင်လူစုတဲ့ အချိန်မှာပဲ စစ်ကား၊ ရဲကားတွေ အင်အားအလုံးရင်းနဲ့ ရောက်လာပြီး ပစ်ခတ်ဖြိုခွင်း ဖမ်းဆီးခဲ့တာတွေ့ရပါတယ်။
ဒီနေ့မှာတော့ မကွေးမြို့ မြင်သာရပ်ကွက်၊သိင်္ဂါ ရပ်ကွက်၊ ပြည်တော်သာလမ်းနဲ့ သစ္စာလမ်းထောင့်၊ အောင်စေတနာရပ်ကွက်တွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
မကွေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မကွေး)၊ ကွန်ပျူတာတက္ကသိုလ်(မကွေး)၊ မကွေးပြည်သူ့ဆေးရုံ၊ သင်ကြားရေးဆေးရုံတွေအပြင် စစ်တပ်က ဝင်ရောက်တပ်စွဲ နေရာယူထားတယ်လို့ သိရပါတယ်။