ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ မတ် ၇ ရက် မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးတဲ့အတွက် ၆ ဦးထက်မနည်း ဖမ်းဆီးခံရပါတယ်။
ဆန္ဒပြသူတွေရဲ့ စုရပ်နေရာတွေနဲ့ လူစုလူဝေးပြုလုပ်တဲ့ နေရာတွေမှာ ရဲနဲ့ စစ်သားတွေ စောင့်ကြည့်ဖမ်းဆီးနေတဲ့အတွက် ဆန္ဒပြပွဲတွေကို မတ်လ ၁ ရက်နေ့က ရက်နားထားခဲ့ပြီး ဒီနေ့ မတ်လ ၇ ရက်မှာ ပြန်လည်ဆန္ဒပြခဲ့တာဖြစ်တယ်လို့ မော်လမြိုင်ကျွန်းမြို့ခံ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်က ဖမ်းဆီးခံခဲ့ရတဲ့ ဆန္ဒပြသူ ၁၈ ဦးထဲကနေ ၁၅ ဦး ပြန်လွတ်လာပြီး ၃ ဦးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) အပါအဝင်ပုဒ် ၃ ခုနဲ့ အမှုဖွင့်ထားပါတယ်။