မုံရွာတက္ကသိုလ်ဝင်းထဲကို လက်နက်ကိုင် ရဲနဲ့ စစ်တပ်တို့က ဒီကနေ့ နေ့လယ်ပိုင်းက နေရာဝင်ယူထားပါတယ်။
ဒါကြောင့် တချို့ဝန်ထမ်းတွေက အထုပ်အပိုးတွေကို အပြင်ကို သယ်ထုတ်နေကြတာကိုလည်း မြင်တွေ့ရပါတယ်။
လက်ရှိမှာ တက္ကသိုလ်ပင်မပေါက်နဲ့ တက္ကသိုလ်အနောက်ပေါက်တို့ကို စစ်တပ်၊ ရဲ အစောင့်တွေ ချထားပြီး ပြည်သူတွေကတော့ အဲဒီအပေါက်တွေအနီးအနားမှာ စောင့်ကြည့်နေ ကြပါတယ်။
မနက်ပိုင်းကတော့ တက္ကသိုလ်ထဲဝင်လာတဲ့ ရဲ ၁၆ ယောက်ကို ပြည်သူတွေက ပြန်လည်မောင်းထုတ်ခဲ့ပေမယ့် နေ့လည်ပိုင်းမှာတေယ့ စစ်တပ်ပါ ပါလာတဲ့အတွက် မောင်းထုတ်နိုင်ခြင်းမရှိဘဲ စောင့်ကြည့်နေရတဲ့အနေအထားမှာပဲ ရှိနေတာပါ။ နောက်ထပ်လည်း စစ်တပ်၊ ရဲအင်အားတွေ ထပ်မံလာရောက်လာနေတယ်လို့ သိရပါတယ်။