မွန်ပြည်နယ် ရေးမြို့မှာ မတ် ၇ ရက်နေ့မနက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးနဲ့ ဖြိုခွင်းပြီး လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ဆန္ဒပြပြပွဲ ဖြိုခွင်းခံရပေမဲ့ လက်ရှိမှာတော့ ပြည်သူတွေက ဆက်လက်ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
မတ် ၆ ရက်နေ့ ညမှာလည်း ရပ်ကွက်အတွင်း ဆန္ဒပြတဲ့သူတွေထဲက ၉ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ရေးမြို့နယ်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီးနောက် ပထမဆုံးအကြိမ် မနေ့ညကစပြီး ရပ်ကွက်တွေ လိုက်လံဖမ်းဆီးတာတွေ ပြုလုပ်နေတာလို့ သိရပါတယ်။
ရေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ် ဆန္ဒပြနေကြတာဖြစ်ပြီး ဒီနေ့မနက်က ပထမဆုံးအကြိမ် ပစ်ခတ်ဖြိုခွင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။