ကချင်ပြည်နယ် ရွှေကူမြို့မှာ မတ်လ ၆ ရက်နေ့က ရွှေကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း ၂ ဦး CDM မှာ ပထမဆုံး ပူးပေါင်းပါဝင်လာတယ်လို့ သိရပါတယ်။
အဆိုပါဝန်ထမ်းနှစ်ဦးဟာ Facebook စာမျက်နှာကနေ "မိမိသည် မိမိသဘောဆန္ဒအလျောက် CDM ပြုလုပ်ခြင်းဖြစ်ပြီး ပြည်သူ့အစိုးရပြန်တက်ချိန်မှသာ မိမိတို့တာဝန်များကို ပြန်လည်ထမ်းဆောင်မည်ဖြစ်ပြီး အခုလိုကာလမှာ ပြည်သူနဲ့အတူရပ်တည်သွားမှာဖြစ်တယ်" လို့ ရေးသားထားပါတယ်။
လက်ရှိမှာတော့ CDM ဝန်ထမ်း ၂ ဦးလုံး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ရွှေကူမြို့မှာ မတ်လ ၆ နေ့ ရက်စွဲနဲ့ ထွေ/အုပ်၊ ရဲနဲ့ စိုက်ပျိုးရေး စတဲ့ဌာနတွေက ဝန်ထမ်း ၄ ဦးအထိ CDM မှာ ပူးပေါင်းပါဝင်လာကြတယ်လို့ သိရပါတယ်။
ရွှေကူမြို့နယ်မှာ မတ်လ ၇ ရက်နေ့အထိ ဌာနအသီးသီးက CDM ပြုလုပ်သူဝန်ထမ်းစုစုပေါင်း ၄၀၀ ကျော်အထိရှိလာပြီလို့ CDM ဝန်ထမ်းများထောက်ပံ့ရေး အဖွဲ့ဆီကနေ သိရပါတယ်။