ရန်ကုန်- ဘန်ကောက် NOK Airline လိုင်း ထပ်တိုး
DVB
·
October 16, 2013
လောလောဆယ် ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ မဲဆောက်-ရန်ကုန် ပြေးဆွဲနေတဲ့ ထိုင်းအခြေစိုက် NOK Airlineဟာ လာမယ့် နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ရန်ကုန်- ဘန်ကောက် ခရီးစဉ်ကို စပြီးပြေးဆွဲသွားတော့မယ်လို့ လေကြောင်းလိုင်း တာဝန်ရှိသူ မစ္စတာ ယုဒ်ချိုင်း ဆတ်ဟီးဒန်နာကော့လ် (Mr. Yodchai Sudhidhanakul) က သတင်းထောက်တွေကို ပြောပါတယ်။
ခရီးသည် ၁၈၉ ယောက် စီးနိုင်တဲ့ ဘိုးရင်း 737-800 လေယာဉ်နဲ့ ပြေးဆွဲမှာဖြစ်ပြီး ဘန်ကောက် ဒွန်မောင်းလေဆိပ်ကို ဆင်းသက်မှာ ဖြစ်ပါတယ်။
ထူးခြားချက်ကတော့ လာမယ့်နှစ် မတ်လကုန်အထိ ခရီးသည်တယောက်ကို ကီလို ၃၀ တင်ဆောင် ခွင့်ပြုမယ်လို့ ဆိုပါတယ်။
လက်ရှိ ရန်ကုန်-ဘန်ကောက် ခရီးစဉ်တွေကို ထိုင်းအဲဝေး(တီဂျီ)၊ ဘန်ကောက်အဲဝေး၊ မြန်မာအဲဝေး၊ ဂိုးလ်ဒင်းမြန်မာအဲဝေး၊ အဲအေးရှား လေကြောင်းလိုင်း ၅ လိုင်းဟာ တနေ့ ၁၂ ကြိမ် ပျံသန်း ပြေးဆွဲနေကြပါတယ်။