မတ္တရာမြို့နယ် NLD ပါတီ ဘဏ္ဍာရေးမှူး ဦးကိုကိုလွင်ကို မတ် ၆ ရက်နေ့ ည ၇ နာရီက အရပ်ဝတ်တွေနဲ့ လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မတ္တရာမြို့ခံတွေဆီက သိရပါတယ်။
မတ္တရာမြို့မှာတော့ ဦးကိုကိုလွင်နဲ့အတူ CDM လုပ်ဆောင်နေတဲ့ ဒေါက်တာရဲမြတ်၊ ဒုပညာရေးမှူး ဦးကျော်ဝင်းလတ်တို့ကို ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်တယ်လို့လည်း သိရပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဦးကိုကိုလွင်ကို ပြန်လွှတ်ပေးရေး ညတွင်းချင်းမှာပဲ မတ္တရာမြို့ အထွေထွေအုပ်ချုပ်ရေးရုံးရှေ့မှာ မတ္တရာမြို့ခံတွေက တောင်းဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။
ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတဲ့လူစုကို ည ၈ နာရီ ၄၅ မိနစ်ခန့်မှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ သေနတ်ပစ်ခတ်ကာ ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။
ရာဘာကျည်နဲ့ ပစ်ခတ်မှုကြောင့် လူ ၂ ဦး ထိမှန်ခဲ့တယ်လို့လည်း သိရပါတယ်။