Home
မြန်မာသတင်း
ရဲအင်အားအလုံးအရင်းဖြင့် ရွှေဘိုတက္ကသိုလ်အတွင်းဖျက်ဆီးဝင်ရောက်
DVB
·
March 7, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ပင်မတက္ကသိုလ်ကို မတ် ၆ ရက် ညနေ ၄ နာရီလောက်က ရဲကား ၄ စီး စတင်ရောက်လာခဲ့တာဖြစ်ပြီး ည ၈ နာရီလောက်မှာ ရဲအင်အား အလုံးအရင်း ထပ်ရောက်လာကာ ဂိတ်လုံခြုံရေးတွေကို တံခါးဖွင့်ခိုင်းခဲ့ပါတယ်။ 

လုံခြုံရေးတွေက အတတ်နိုင်ဆုံး ကာကွယ်ပြီး ဖွင့်မပေးခဲ့ပေမဲ့ ည ၉ နာရီလောက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေက တက္ကသိုလ် အနောက်ဘက် သပြေညိုတံခါးကို ဖျက်ဆီးပြီး ဝင်ရောက်လာကြတာလို့ သိရပါတယ်။

တက္ကသိုလ်အတွင်း ဝန်ထမ်းအိမ်ရာမှာ မိသားစုလူဦးရေ ၁၀၀ လောက်အထိ ရှိတယ်လို့ သိရပြီး လတ်တလော ဖုန်းဆက်သွယ်လို့ မရသေးတဲ့အတွက် အတွင်းမှာ ဘာဖြစ်တယ်ဆိုတာ မသိရသေးဘူးလို့ သူတို့ရဲ့မိသားစုဝင်တွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024