လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်းက အားကစားရုံမှာ ရဲတပ်ဖွဲ့အင်အား ၁၀ ယောက်ကျော် ဒီကနေ့ ညနေ ၃ နာရီကျော်လောက်မှာ သွားရောက်နေရာချထားခဲ့ရာမှာ ပြည်သူတွေက ဝိုင်းဝန်းကန့်ကွက်တာကြောင့် ပြန်လည်ထွက်ခွာခဲ့ရပါတယ်။
အဆိုပါ အားကစားရုံအတွင်း လာရောက်နေရာချထားမယ့် ရဲတပ်ဖွဲ့ဝင်တွေဟာ အထုပ်အပိုးကိုယ်စီနဲ့ ရဲကားတစီးအပြင် ဆိုင်ကယ်တွေနဲ့ ဝင်ရောက်ခဲ့ကြတာပါ။
အဲဒီနေရာမှာ မနေဖို့ ပြည်သူတွေ သွားရောက်စုရုံးတောင်းဆိုခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ ပြန်လည်ထွက်ခွာခဲ့ရပါတယ်။
ဒီလိုမထွက်ခွာခင် အဲဒီနေရာကို သွားရောက်စုရုံးခဲ့တဲ့လူတွေကလည်း ရဲတပ်ဖွဲ့အနေနဲ့ CDM မှာ ပါဝင်ဖို့ တိုက်တွန်းခဲ့ကြသလို တချို့ပြည်သူတွေက မျက်ရည်တွေကျပြီး တောင်းပန်ခဲ့တာ တွေ့ရပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေဘက်ကတော့ ဘာမှပြန်လည်တုံ့ပြန်မှုမရှိဘဲ အေးဆေးစွာ ပြန်လည်ထွက်ခွာသွားကြပါတယ်။