မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်လာတဲ့ စီးပွားရေးဘဏ်ဝန်ထမ်း ၇ ယောက်နဲ့ ရဲဝန်ထမ်း ၁၆ ယောက်အထိ ရှိလာပြီလို့ CDM ထောက်ပံ့ကူညီရေး အဖွဲ့ဆီက သိရပါတယ်။
အခြားရဲဝန်ထမ်းတွေလည်း CDM မှာ ပူးပေါင်းပါဝင်လာဖို့ စုံစမ်းလာတာမျိုးရှိသလို မိုးကုတ်တိုင်းရင်းဆေးရုံကလည်း CDM မှာ ပူးပေါင်းပါဝင်လာကြတယ်လို့ သိရပါတယ်။
မိုးကုတ် CDM ထောက်ပံ့ရေးကော်မတီက ဝန်ထမ်း ၂၇၈ ယောက်အတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၄၅၀ နဲ့ ဆန်အိတ်ငယ် ၁၃၃၉အိတ်ကို ထောက်ပံ့ကူညီပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့နယ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြမှုတွေကိုလည်း နေ့စဉ် ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြနေကြပါတယ်။