ကချင်ပြည်နယ် မိုးကောင်းမြို့ က စျေးဆိုင်တွေမှာ ရဲနဲ့ စစ်သားအပြင် CDM မှာ မပါသေးတဲ့ ၀န်ထမ်းတွေကို စျေးမရောင်းဖို့ Social Punishment (လူမှုရေးပြစ်ဒဏ်) ပြုလုပ်နေကြပါတယ်။
မိုးကောင်းမြို့ရှိ ကုန်စုံဆိုင်၊ ဆန်ဆိုင်၊ စားသောက်ဆိုင်၊ သားငါးဆိုင်၊ အလှပြင်ဆိုင်နဲ့ လူသုံးကုန်ဆိုင်တွေက အခုလို Social Punishment ပြုလုပ်နေကြတာပါ။
“အာဏာသိမ်းစစ်အုပ်စုကို ထောက်ခံသူတွေ၊ နိုင်ငံတော်ပုန်ကန်မှုကို အားပေးသူ မည်သူမဆို ယဥ်ကျေးတဲ့ လူမှုအသိုင်းအဝိုင်းက ဖယ်ကျဥ်ဖို့ တာ၀န်ရှိတယ်” လို့ ဆန်ဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
မိုးကောင်းမြို့ရှိ စျေးဆိုင်အများစုက Social Punishment ပြုလုပ်နေကြပြီး မ ပြုလုပ်သေးတဲ့ စျေးဆိုင်အချို့လည်းရှိပါတယ်။ နောက်ပိုင်း အဲဒီစျေးဆိုင်တွေကိုလည်း Social Punishment ပြုလုပ်သွားမယ်လို့ သိရပါတယ်။