စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ်နဲ့ အချက် ၂၀ လောက် ပစ်ခတ်ပြီး လူစုခွဲခဲ့ပေမယ့် အင်းစိန်ပေါက်တောဝက ဆန္ဒပြလူငယ်တွေ ဒီနေ့မနက် ၁၁ နာရီ ၄၅ မိနစ်လောက်မှာ လမ်းပေါ်ပြန်ထွက်ပြီး စစ်အာဏာရှင်ကို ဆက်လက်ဆန္ဒပြနေကြပါတယ်။
စစ်အာဏာရှင် အလိုမရှိကြောင်း အင်းစိန် ပေါက်တောဝ ဆန္ဒပြသူတွေကို ဒီနေ့ မနက် ၁၁ နာရီဝန်းကျင်မှာ စစ်တပ်နဲ့ရဲက သေနတ်အချက် ၂၀ နီးပါး၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ် လူစုခွဲခဲ့တာပါ။
ပစ်ခတ်လူစုခွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘဲ လူငယ်သုံးဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
စစ်တပ်နဲ့ရဲတပ်ဖွဲ့ဟာ လူငယ်တွေ ပြုလုပ်ထားတဲ့ လမ်းပေါ်က အတားအဆီးတွေကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြပါတယ်။