မြန်မာစစ်အရာရှိများကို သင်တန်းပေးမည့်အပေါ် သတင်းလွတ်လပ်ခွင့် တောင်းဆိုမှု ပယ်ချ

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ဓာတ်ပုံ- ရိုက်တာ)
မြန်မာ စစ်ဘက်အရာရှိတွေကို ဗြိတိသျှက စစ်သင်တန်းပေးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး သတင်းလွတ်လပ်ခွင့်အရ တောင်းဆိုတာကို ဗြိတိန် ကာကွယ်ရေး ၀န်ကြီးဌာနက ပယ်ချခဲ့ပါတယ်။ြ[caption id="attachment_23171" align="alignleft" width="300" caption="၆၇ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင်တွေ့ရသည့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်(ဓာတ်ပုံ- ရိုက်တာ)"][/caption]ဗိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်သူများ အဖွဲ့ (Burma Campaign UK) က ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနကို တောင်းဆိုရာမှာ အခုလို ငြင်းပယ်ခံရတာပါ။ ကုန်သွယ်မှုဆိုင်ရာ လျှို့ဝှက်ချက် ဖြစ်တဲ့အတွက် ဖြေကြားပိုင်ခွင့်မရှိဘူးလို့ အကြောင်းပြန်ခဲ့တယ်လို့လည်း BCUK က ညွန်ကြားရေးမှူး မတ်ခ်ဖာမာက ဒီဗွီဘီကို အီးမေလ်းကနေတဆင့် အကြောင်း ပြန်ကြားခဲ့ပါတယ်။ သတင်း လွတ်လပ်ခွင့်အရ တောင်းဆိုလိုက်တိုင်း အခုလို အကြောင်းပြချက်ကို ပေးမြဲ ဖြစ်သလို မြန်မာပြည်ကို စစ်လက်နက် တင်ပို့နေတဲ့ ကုမ္ပဏီနဲ့ လက်ခံရရှိသူတွေနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်ကို မေးမြန်းတာကိုလည်း ငြင်းပယ်ခဲ့တယ်လို့ သူက ပြောပါတယ်။ ဒါပေမယ့်လည်း BCUKကတော့ အယူခံဝင်ထားတယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ဗြိတိန်၊ အမေရိကန် နိုင်ငံတွေကလည်း မြန်မာစစ်တပ် အရာရှိတွေကို သင်တန်းပေးတာအပါအ၀င်  စစ်ရေးဆိုင်ရာ ပူးပေါင်းမှုတွေ လုပ်ဆောင်ဖို့ ကမ်းလှမ်းမှုတွေ ရှိလာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up