ယင်းမာပင်ခရိုင်က ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ပြည်သူ့ဝန်ထမ်း ၁၀ ဦး CDM ပူးပေါင်းပါဝင်လာတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ဌာနက ခရိုင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး အပါအဝင်ပြည်သူ့ဝန်ထမ်း ၁၀ ဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
မတ် ၅ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်းမရှိတဲ့ CDM မှာ ပါဝင်လာတာဖြစ်ပါတယ်။
CDM ပူးပေါင်းပါဝင်လာတဲ့ ဝန်ထမ်းတွေကတော့
၁။လ/ထညွှန်မှူး (ဘူမိ) (ခရိုင်တာဝန်ခံ) - ၁ ဦး
၂။ ဦးစီးအရာရှိ (ဘူမိ) (HQA) - ၁ ဦး
၃။ ဦးစီးအရာရှိ (ဘူမိ) - ၁ ဦး
၄။ ဦးစီးအရာရှိ (လျှပ်စစ်) - ၁ ဦး
၅။ ဦးစီးအရာရှိ (မြို့ပြ) - ၁ ဦး
၆။ ဦးစီးမှူး (မြို့ပြ) - ၁ ဦး
၇။ ဒုဦးစီးမှူး (စက်မှု) - ၁ ဦး
၈။ အကြီးတန်းစာရေး - ၁ ဦး
၉။ အငယ်တန်းစာရေး - ၁ ဦး
၁၀။ လကက ၅ ပိုက်ဆက် - ၁ ဦး စုစုပေါင်း ၁၀ ဦးဖြစ်ပါတယ်။
မည်သူတစ်ဦးတစ်ယောက်ရဲ့ ဖိအားကြောင့် လုပ်ဆောင်တာမဟုတ်ပဲ မိမိတို့ရဲ့ ကိုယ်ပိုင်ခံယူချက်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ CDM လုပ်တာ ဖြစ်သလို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဒီ စာရင်းပေးပို့ပြီး ဖြစ်တယ်လို့ သိရပါတယ်။