ထိုင်းနိုင်ငံ ဒုတိယမြို့တော် ချင်းမိုင်မှာ မြန်မာနိုင်ငံသား တိုင်းရင်းသားပေါင်းစုံ ရွှေ့ပြောင်း လုပ်သားတွေ စုပေါင်းပြီး မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြပါတယ် ။
အဆိုပါ ဆန္ဒပြပွဲကို ပြည်တွင်းနဲ့နည်းတူ နွေဦးတော်လှန်ရေးလို့ အမည်ပေးထားပြီး ဒီကနေ့ မတ်လ ၅ ရက် နေ့လည် ၁၂ နာရီကနေ ည ၈ နာရီထိ စစ်အာ ဏာ ရှင်ဆန့်ကျင်ရေး နဲ့ ဆန္ဒပြရင်း အကြမ်းဖက်ခံရလို့ သေဆုံးခဲ့ရသူတွေအတွက် ဆုတောင်းပွဲတွေ လုပ်မယ်လို့ စီစဉ်သူထဲက တယောက်ဖြစ်တဲ့ ရွှေ့ပြောင်းလုပ်သား စိုင်းဝမ်းက ဒီဗွီဘီကို ခုလိုပြောပါ တယ် ။
“ ကျနော်တို့မှာ ဆန္ဒပြခေါင်းဆောင်မရှိပါဘူးခင်ဗျ ၊ မြန်မာပြည်မှာ ရဲနဲ့စစ်တပ်က ဆန္ဒပြ သူတွေကို အကြမ်းဖက်နေတာကို မြင်ရတာမခံနိုင်ဘူး ၊ အဲဒါကို ဖေ့ဘုတ်ထဲမှာ ပြောကြရင်းနဲ့ အခု လိုဆန္ဒပြပွဲလုပ်ဖြစ်သွားတာ ၊ အလုပ်နားပြီး နေ့ခင်း ၁၂ နာရီကနေ ည ၈ နာရီထိ ဆန္ဒပြမယ် ၊ ဂျပန်ကောင်စစ်ဝန်ရုံးရော ယူအန်ရုံးမှာသွားပြီး တောင်းဆိုစာပို့မယ် ”
အလားတူ ဆန္ဒပြပွဲလာရောက်ပါဝင်သူ ခင်ဖုန်းကလည်း ခုလို ပြောပါတယ် ။
“ ပြည်တွင်းမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြနေတဲ့ ပြည်သူတွေအကြမ်းဖက်နှိမ်နင်းတာ ကလေးအမေတွေ အရိုက်ခံရတာ ၊ လူငယ်တွေ ကျောင်းသားလေးတွေ သေဆုံးတာ လုံးဝလက်မ ခံနိုင်ဘူး ၊ မခံစားနိုင်ဘူး ၊ စစ်တပ်နဲ့ရဲတွေလုပ်ရပ်က အရမ်းကိုဆိုးယုတ်တယ် ၊ ကျမတို့ ဒီဘက်မှာ ရောက်နေတော့ ဘာမှမကူညီပေးနိုင်ပေမယ့်လည်း ကျမတို့ အဲဒီလုပ်ရပ်ကို ဆန့်ကျင်တဲ့အနေနဲ့ လာပြီးဆန္ဒပြတာပါရှင့် ”
ဒီကနေ့ ဆန္ဒပြပွဲကိုလာတဲ့သူတွေဟာ ထာ့ဖဲဂိတ်မှာ အရင်လူစုပြီးတော့ ချင်းမိုင်မှာရှိတဲ့ ဂျပန်နိုင်ငံ ကောင်စစ်ဝန်ရုံး ၊ ကမ္ဘာ့ကုလသမဂ္ဂရုံးခွဲတွေဆီသွားရောက်ပြီး မြန်မာစစ်တပ်က လက်နက်မဲ့ပြ ည်သူတွေပေါ် အကြမ်းဖက်နေတာတွေ ရပ်တံ့အောင်ကူပြောပေးဖို့ ၊ အန်အယ်လ်ဒီ အစိုးရက ဖွဲ့ထား တဲ့ CRPH ကောင်စီကို အသိအမှတ်ပြုဖို့ ၊ UNHCR အနေနဲ့ အကြမ်းဖက်သတ်ဖြတ်ရိုက်နှက်ခံရသူတွေကို အကူအညီပေးဖို့ အစရှိတဲ့ တောင်းဆိုချက်ပါ စာတွေ သွား ရောက်ပေးပို့ခဲ့ပါတယ် ။
အဲဒီနောက် ညနေပိုင်း ၅ နာရီကနေ ၈ နာရီထိ ထာ့ဖဲဂိတ်ကိုပြန်လာစုပြီး စစ်အာ ဏာရှင်ဆန့်ကျင်ရေး ဟောပြောပွဲနဲ့ ဆန္ဒပြပွဲမှာ သေဆုံးခဲ့ရသူတွေအတွက် ရည်စူးပြီး ဆုတောင်းပွဲ တွေ ကျင်းပသွားမယ်လို့ သိရပါတယ် ။
Photo: Khinphone