စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်မှာ မတ်လ ၅ ရက်နေ့က လစာမရတဲ့ CDM ဌာနဆိုင်ရာ ဝန်ထမ်း ၁၉၇ ဦးကို တစ်ဦး ၅ သောင်းကျပ်နှုန်းစီ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ဆန်၊ ဆား၊ ကြက်သွန်နီ၊ ကြက်ဥ၊ ခရမ်းသီး၊ ခရမ်းချဥ်သီး၊ ကင်းဗုံသီး၊ ပြောင်းဖူး၊ ခရမ်းသီးခြောက်၊ အာလူး၊ ပန်းမုံလာ၊ မုံလာထုပ်၊ ဂေါ်ဖီစိမ်း၊ ဘိလပ်ချဥ်ပေါင်၊ နှင်းချဥ်ပေါင်၊ ကြက်သွန်ဖြူ၊ ရွှေဖရုံသီး၊ ဖရဲသီး၊ ငရုပ်သီး၊ မျှစ်၊ ငါးပိရည်၊ ပဲနီ၊ သံပုရာသီး၊ ဘူးသီး၊ မားမား၊ ဆပ်ပြာမှုန့်၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်နီခြောက် စတဲ့ အခြေခံစားသောက်ကုန်တွေကိုလည်း လွယ်လွယ်ကူကူနဲ့ လိုသလောက်ယူဆောင်နိုင်အောင် စီစဉ်ထားတယ်လို့ ခင်ဦးမြို့နယ် CDM ဝန်ထမ်းများကူညီထောက်ပံ့ရေးအဖွဲ့ဆီက သိရပါတယ်။
အောင်စံလင်း