စစ်အာဏာရှင်ဆန့်ကျင်ရေး အင်းစိန်ပေါက်တောဝသပိတ်ကို ဖြိုခွင်းဖို့ အင်းစိန်ရွာမဘက်ကနေ စစ်တပ်နဲ့ရဲတွေ အင်အားအလုံးအရင်းနဲ့ ဒီနေ့ မနက် ၁၀ နာရီက စတင်ဝင်ရောက်နေပါတယ်။
ဒီနေ့မနက် သပိတ်မှာပါဝင်သူ ပြည်သူ ထောင်နဲ့ချီ ရှိနေပါတယ်။
အင်းစိန်၊ ပေါက်တောဝ-ဘုရင့်နောင်လမ်းပေါ်မှာ မတ်လ ၄ ရက်နေ့ကစပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လမ်းပိတ်သပိတ်ကို ဆင်နွှဲခဲ့တာပါ။
မတ် ၅ ရက်နေ့မှာ မြို့နယ်နေပြည်သူတွေက သပိတ်ပြန်လည်စတင်ဖို့ မနက်အစောပိုင်းကတည်းက ပြင်ဆင်ခဲ့ကြပါတယ်။
မတ်လ ၄ ရက်နေ့ အင်းစိန်သပိတ်မှာပါဝင်သူ သောင်းနဲ့ချီရှိခဲ့ပြီး ပေါက်တောဝ သပိတ်မှာတော့ စစ်တပ်နဲ့ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးခွဲလို့ လူတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မတ် ၃ ရက်နေ့က အင်းစိန်သပိတ်မှာပါဝင်တဲ့ ပြည်သူ ၃၇ ဦးအဖမ်းခံထားရကာ ပြင်းထန်ဒဏ်ရာရသူ ၂ ဦးအပါအဝင် ဒဏ်ရာရသူ ၁၆ ဦးရှိခဲ့ပါတယ်။