Home
မြန်မာသတင်း
သေနတ်မောင်းခလုတ်ဆွဲမညှစ်ခင် ကလေးနှင့်မိသားစုကို စဉ်းစားရန် ရဲနှင့် စစ်တပ်ကို အောင်လအန်ဆန်းပြော
DVB
·
March 4, 2021

ရဲနဲ့ စစ်တပ်အနေနဲ့ သေနတ်မောင်းခလုတ်ကို ဆွဲမညှစ်ခင်မှာ ကိုယ့်ရဲ့ ကလေးတွေနဲ့ မိသားစုတွေအကြောင်းကို အရင်စဉ်းစားကြဖို့  One Championship လိုက်ဟဲဗီးဝိတ်ချန်ပီယံ အောင်လအန်ဆန်းက ပြောပါတယ်။

မတ်လ ၃ ရက်နေ့က ရန်ကုန်၊ မန္တလေးနဲ့ မုံရွာအပါအဝင် မြို့ကြီးတွေမှာ ရဲနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ပြည်သူအယောက် ၄၀ လောက် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ပြီးနောက် ခုလို ပြောကြားလိုက်တာပါ။

“ရဲ နှင့် စစ်တပ်ကို ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ရဲ့ မောင်းခလုတ်ကို မဆွဲညှစ်ခင်မှာ ခင်ဗျားတို့ရဲ့ ကလေး၊ ခင်ဗျားတို့ရဲ့ မိသားစုတွေအကြောင်းကို အရင်စဉ်းစားစေချင်ပါတယ်။ အခုဆန္ဒပြနေသူတွေဟာ ခင်ဗျားတို့ရဲ့ ညီအစ်ကို၊ အစ်မ၊ ညီမ၊ ခင်ဗျားတို့ရဲ့ တိုင်းပြည်ကလူတွေသာဖြစ်ပြီး သူတို့ကခင်ဗျားတို့ရဲ့ ရန်သူတွေ (လုံး၀) မဟုတ်ပါဘူး။ ဒါကြောင့် ကျေးဇူးပြု၍ ခင်ဗျားတို့ လူတစ်ယောက်ရဲ့ဘ၀ တစ်ခုကို မယူခင် (သို့မဟုတ်) လူတစ်ယောက်ကို ထိခိုက်နာကျင်အောင် မလုပ်ခင် သေချာလေးစဉ်းစားနိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်။” လို့ အောင်လအန်ဆန်းက သူ့ရဲ့လူမှုကွန်ရက်မှာပြောပါတယ်။ 

လွတ်လပ်မှုအတွက် တိုက်ပွဲ၀င်ခဲ့ပြီး အသက်တွေပါ စတေးခဲ့ကြရတဲ့ သူရဲကောင်းအားလုံးရဲ့ မိသားစုတွေနဲ့အတူ ထပ်တူ၀မ်းနည်းကြေကွဲရကြောင်းနဲ့ သူတို့ရဲ့စွန့်လွှတ်အနစ်နာခံမှုတွေက စိတ်နှလုံးထဲမှာ အမြဲထာ၀ရရှိနေမှာဖြစ်သလို ကျဆုံးခဲ့ရတဲ့သူတွေဟာ ထာ၀ရလေးစားသွား ရမယ့်သူတွေအဖြစ် ထိုက်တန်ကြတယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို ပြင်းထန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဖိနှိပ်နေမှုတွေကို ရပ်တန့်ဖို့အတွက် စစ်အာဏာရှင်တွေကို တိုက်တွန်းလိုက်ပြီး သွေးထွက်သံယိုဖြစ်နေမှုတွေ ရပ်တန့်သွားစေဖို့နဲ့ အခုလက်ရှိအခြေအနေတွေကနေ ငြိမ်းချမ်းတဲ့ဖြေရှင်းနည်းတွေ အမြန်ရရှိဖို့ မြန်မာပြည်က လူအားလုံးအတွက် ဆုတောင်းပေးနေတယ်လို့လည်း အောင်လအန်ဆန်းက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024