Home
မြန်မာသတင်း
တိုက်ကြီးမြို့တွင် ဆန္ဒပြ မသန်စွမ်းအမျိူးသားတစ်ဦး ဖမ်းဆီးခံရ
DVB
·
March 4, 2021

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အတါင်း စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ မသန်းစွမ်းအမျိူးသားတစ်ဦးကို ဒီနေ့မနက်ပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

"ဒီမနက် ၈ နာရီလောက်က ဆန္ဒထုတ်ဖော်ပွဲကိုလာနေချိန် တိုက်ကြီးမြို့အဝင် ဂျိူးဖြူကျေးရွားအနီးမှာ တိုက်​ကြီးမြို့မ ရဲစခန်းစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ လောက်က ဖမ်းသွားတာပါ။ အခုက ရဲစခန်းမှာမရှိဘူး၊ စစ်တပ်က ခေါ်သွားတယ်လို့ သိရတယ်။ ကျနော်တို့လည်း အခုလိုက်စုံစမ်းနေတယ်။ ညဘက် စစ်တပ်က မြို့ထဲမှာ လှည့်လည်သွားလာ နေတဲ့အတွက် ရှောင်နေရတဲ့သူတွေလည်း ရှိတယ်” လို့ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညနေကလည်း ဥက္ကံမြို့ ဗိုလ်ချူပ် အောင်ဆန်းရပ်ကွက်မှာ အာဏာသိမ်းစစ်ကောင်စီခန့် ရပ်ကွက်အုပ်ချူပ်ရေးမှူးအား ကန့်ကွက်ဆန္ဒပြခဲ့တဲ့ အမျိူးသမီးတစ်ဦးကို စစ်တပ်နဲ့ရဲ တပ်ဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ခုချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့က စတင်ပြီး တိုက်ကြီး၊ အဖျောက်နဲ့ ဥက္ကံမြို့တို့မှာ စစ်အာဏာရှင်စနစ်ကျဆုံးရေး ဆန္ဒပြပွဲကို ဌာနဆိုင်ရာတွေနဲ့ ​ပြည်သူတွေ ပူးပေါင်း ဆင်နွှဲနေတာ ၂၄ ရက်မြောက်ရှိပါပြီ။

        

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024