မန္တလေးမှာ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြနေသူတွေကို အကြမ်းဖက်ဖြိုခွင်းတာတွေ လုပ်ခဲ့ပေမယ့် မတ်လ ၄ ရက်နေ့ မနက်ပိုင်းက မြတောင်စစ်ကြောင်းဟာ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။
မြတောင်စစ်ကြောင်းမှာ NLD ပါတီဝင်တွေ၊ လူငယ်တွေ၊ ကျောက်စိမ်း ကျောက်မျက်လုပ်သူတွေ ပါဝင်ပြီး စစ်အာဏာရှင်ပြုတ်ကျရေး၊ ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးရေး၊ ဒီမိုကရေစီရရှိရေး စတာတွေကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ပါတယ်။
မနေ့က မန္တလေးမြို့ ၈၄ လမ်း လမ်း ၃၀ မှာ စစ်အာဏာရှင်စနစ်ကျရှုံးရေး ငြိမ်းချမ်းစွာ ထိုင်သပိတ်လုပ်ပြီး ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲတာတွေ လုပ်ခဲ့တာကြောင့် အနည်းဆုံး ၂ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရရသူ ၁၀ ဦး အထက်ရှိခဲ့ပါတယ်။
ဒါ့အပြင် ၆၂ လမ်း တွတ်ပီကွေ့မှာလည်း ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းတာတွေလုပ်ခဲ့ပြီး လူ ၁ ဦးသေဆုံးခဲ့ကာ ပြင်းထန်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ သိရပါတယ်။