ကလေးမြို့မှာ စစ်အာဏာရှင် တော်လှန်ရေးသပိတ်ကို ရဲနဲ့ စစ်သားတွေ သတိပေးနေပေမယ့် မတ်လ ၄ ရက်နေ့က ပြည်သူအချို့ဟာ မိမိနေထိုင်ရာ ရပ်ကွပ်တွေထဲ လှည့်လည်ဆန္ဒ ဖော်ထုတ်နေကြပါတယ်။
မတ်လ ၂ ရက်နေ့က ကလေးမြို့မှာ သပိတ်စစ်ကြောင်းကို ရဲနဲ့ စစ်တပ်က ပစ်ခတ်ဖြိုခွင်း ခဲ့တာကြောင့် ပြည်သူတစ်ဦး မနေ့က သေဆုံးခဲ့ပါတယ်။
သပိတ်မှောက်ပြည်သူတွေ အန္တရာယ်ကင်းစေရေး ဖြိုခွင်းအဖွဲ့နဲ့ သပိတ်စစ်ကြောင်းတွေ ထိပ်တိုက်မတွေ့ဆုံအောင် ခုလို ရပ်ကွက်အတွင်း လှည့်လည်သပိတ်ပြုလုပ်ခဲ့တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ကလေးမြို့မှာ ဒီနေ့ သပိတ်စစ်ကြောင်း ၂ ခု ပြုလုပ်ချီတက်ခဲ့ပြီး သပိတ်စစ်ကြောင်းတစ်ခု ကတော့ ရဲနဲ့ စစ်တပ်လာတာကြောင့် ရပ်ကွက်အတွင်း မနက် ဆယ်နာရီလောက် လူစုခွဲပြီး ငြိမ်းချမ်းစွာ အဆုံးသတ်ခဲ့တယ်လို့ သိရပါတယ်။