မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးကို အတားအဆီးတွေကြားက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရာမှာ ဌာနဆိုင်ရာဝန်ထမ်းတွေလည်း ပိုမိုပါဝင်လာခဲ့ကြပါတယ်။
စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြသူတွေဟာ ဒီကနေ့ မတ်လ ၃ ရက်နေ့ မနက်ပိုင်းက ကျိုက်ထိုမြို့ရှိ အာဇာနည်ရင်ပြင်ကနေ စတင်ထွက်ခွာခဲ့ကြရာ ရဲနဲ့စစ်တပ်တို့နဲ့ ထိပ်တိုက်တွေ့ခဲ့တာဖြစ်ပါတယ်။
“ကျနော်တို့က အာဇာနည်ရင်ပြင်ကနေထွက်လာပြီး နာရီဝက်လောက်အကြာမှာ သူတို့နဲ့ ထိပ်တိုက်တွေ့ခဲ့တာပေါ့။ ၅ မိနစ်လောက်ကြာမယ် ထင်တယ်။ ဆွေးနွေးပြီးတော့ စစ်ကြောင်းကို ပုံမှန်အတိုင်း ချီတက်ခဲ့ကြတယ်” လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။
ကျိုက်ထိုမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုမှာ ပညာရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်၊ မီးရထား၊ စည်ပင် စတဲ့ ဝန်ထမ်းတွေအပါအဝင် အင်အား ၅၀၀၀ ကျော် ပါဝင်ခဲ့ကြပါတယ်။