တောင်တွင်းကြီးမြို့မှာ ဒီနေ့ မတ်လ ၃ ရက် မနက်ပိုင်းက CDM ဝန်ထမ်းတွေ၊ ကျောင်းသားတွေ၊ ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေစဉ် စစ်တပ်နဲ့ရဲက သပိတ်စစ်ကြောင်းနောက်ကနေ အသံမိုင်းတွေ၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်ပြီး အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။
သပိတ်စစ်ကြောင်းမှာပါဝင်သူတွေ၊ ဝန်းရံသူတွေဟာ နီးစပ်ရာအိမ်တွေအတွင်း ဝင်ရောက် ရှောင်တိမ်းကြတဲ့အတွက် ဒဏ်ရာရသူ၊ ဖမ်းဆီးခံရသူမရှိဘူးလို့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေက ဒီဗွီဘီကို ပြောပါတယ်။
တောင်တွင်းကြီးမြို့နယ် ဆတ်သွားတိုက်နယ်မှာတော့ မတ်လ ၂ ရက်နေ့ ညနေပိုင်းက စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။