အာဏာသိမ်း စစ်ကောင်စီကနေ ဒီမိုကရေစီလိုလားတဲ့ပြည်သူတွေ လမ်းမပေါ်ထွက် ဆန္ဒမပြနိုင်အောင် ပုံစံမျိုးစံသုံးပြီး အကြမ်းဖက်ပစ်ခတ် ဖိအားပေးဖြိုခွင်းမှုတွေ လုပ်ဆောင်နေပေမဲ့ မတ်လ ၃ ရက်မှာ ဆန္ဒပြပြည်သူတွေဟာ စစ်အာဏာရှင်ဖီဆန်ရေးအတွက် လမ်းပေါ်ထွက်ပြီး ဆက်လက် ဆန္ဒထုတ်ဖော်နေပါတယ်။
ရန်ကုန်မြို့လယ်ကောင် ပန်းဆိုးတန်း အနော်ရထာလမ်းမပေါ်မှာ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ ပြည်သူတွေဟာ အကာအရံတံတိုင်းတွေပြုလုပ် ဆက်လက် ဆန္ဒဖော်ထုတ်နေပြီး ရန်ကုန်မြို့ အနှံ့အပြားမှာလည်း သက်ဆိုင်ရာ မြို့နယ် သပိတ်တွေကြောင်းအလိုက် ဆန္ဒဖော်ထုတ်နေပါတယ်။
တချို့နေရာတွေမှာတော့ လုံခြုံရေးအင်အားစုတွေက မျက်ရည်ယိုဗုံး၊ အသံဗုံး၊ ရာဘာကျည် တွေနဲ့ ပစ်ခတ်ပြီး လူစုဖြိုခွဲတာတွေ ရှိပေမဲ့ လက်ရှိ ဆူးလေ ပတ်ဝန်းကျင်မှာတော့ လုံခြုံရေးတွေ ချထားတာတွေ မတွေ့ရသေးပါဘူး။