မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်တစ်ယောက်ဟာ အာဏာဖီဆန် CDM လုပ်ဆောင်ခဲ့ပြီး ရဲတပ်သားတစ်ဦးကလည်း CDM လုပ်ဆောင်လိုက်တယ်လို့ ငဖဲမြို့ဒေသခံတွေ ဆီကနေ သိရပါတယ်။
CDM လှုပ်ရှားမှုမှာ ပြည်သူ့ဝန်ထမ်းတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့သူတွေကတေ့ ရဲအုပ် အောင်ကိုကိုကျော်နဲ့ ရဲတပ်သား သိန်းမိုးတို့ ဖြစ်ကြပါတယ်။
ရဲအုပ်အောင်ကိုကိုကျော်ဟာ ငဖဲမြိုနယ် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းမှတ်တမ်းဌာနစိတ်မှာ တာဝန် ထမ်းဆောင်နေတဲ့ရဲအုပ်တစ်ဦးဖြစ်ပြီး CDM လုပ်တဲ့ အကြောင်းကြားစာကို မတ်လ ၁ ရက်နေ့မှာ တာဝန်ရှိ အကြီးအကဲတွေဆီ တရားဝင်တင်ပြခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်သားသိန်းမိုးကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကတည်းက စာမတင်ဘဲ ထွက်လာခဲ့ပြီးတော့ ဒီနေ့အထိ ရုံးမပြန်တော့ဘူလို့သိရပါတယ်။
သတင်း - မင်းထီး