စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် လူထုညီလာခံကို ပုလဲမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ရင်ပြင်မှာ မတ်လ ၂ ရက်နေ့က ကျင်းပခဲ့ကြပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။
မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြည်သူလူထု ရွေးချယ်တင်မြှောက်မှု ၂၁ ဦး ဖွဲ့စည်းခဲ့ပြီး ပညာရေးနဲ့ ကျန်းမာရေး ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် ပုလဲမြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်စု ၆၁ အုပ်စု၊ ကျေးရွာပေါင်း ၁၈၉ ရွာတို့မှလည်း ရပ်/ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို ဆက်လက်ဖွဲ့စည်းသွားမယ်လို့ လူထုညီလာရဲ့ အဆုံးဖြတ်အရ သိရပါတယ်။
ညီလာခံကို သံဃာတော်တွေ၊ ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ပုလဲမြို့နယ်ရှိ ကျောင်းသားများ သမဂ္ဂနဲ့ ပြည်သူလူထု ၇ သောင်းခန့် တက်ရောက်ခဲ့ကြပါတယ်။