Homeမြန်မာသတင်း
အင်္ဂပူမြို့နယ်၌ ဖမ်းဆီးခံနေရသည့် ဆန္ဒပြပြည်သူ ၁၈ ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်
အင်္ဂပူမြို့နယ်၌ ဖမ်းဆီးခံနေရသည့် ဆန္ဒပြပြည်သူ ၁၈ ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်
DVB
·
March 2, 2021
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ ဆန္ဒပြလို့ ဖမ်းဆီးခံရသူ ၁၈ ဦးကို အင်္ဂပူမြို့နယ် စခန်းမှူးက တရားလိုပြုပြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ပြီး အင်္ဂပူမြို့နယ်တရားရုံးမှာ ချုပ်ရမန်ယူထားပါတယ်။
အင်္ဂပူမြို့နယ်တွင်းက စုပေါင်းသပိတ်စစ်ကြောင်းကို ဖေဖေါ်ဝါရီ ၂၈ ရက်ကရဲတပ်ဖွဲ့နဲ့ စစ်တပ်က လူစုခွဲပြီး ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ပြည်သူတွေကိုဖမ်းဆီးခဲ့ရာ စုစုပေါင်း ၁၉ ဦးဖမ်းဆီးခံရတာပါ။
အဆိုပါ ဖမ်းဆီးခံ ၁၉ ဦးထဲက လူငယ်တစ်ဦးကိုတော့ အသက်မပြည့်လို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။