မန္တလေးမြို့ရဲ့ အဓိကကျတဲ့ နေရာတွေနဲ့ လမ်းမကြီးတွေမှာ ရဲနဲ့ စစ်တပ်က လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက မန္တလေးမြို့၊ အခြေခံ ပညာရေးဝန်ထမ်း ဆရာ ဆရာမတွေဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးမြို့မှာတော့ စစ်တပ်နဲ့ ရဲက အကြမ်းဖက် ဖြိုခွင်း သတ်ဖြတ်ခဲ့တာကြောင့် သေဆုံးခဲ့သူ ၆ ဦးရှိပြီဖြစ်ပြီး မတ်လ၂ ရက်နေ့မှာလည်း လူထုဟာ ဆက်လက် ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။
ပညာရေးဝန်ထမ်းတွေဟာလည်း နီးစပ်ရာ မြို့နယ်အလိုက် စစ်အာဏာရှင် ဆန့်ကျင်ရေး လမ်းပေါ်ထွက် ဆန္ဒပြနေတာဖြစ်ပြီး မတ် ၂ ရက်နေ့မှာတော့ ဆရာ ဆရာမ အင်အား ၂၀၀ ကျော် ပါဝင်ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။