ခင်ဦးမြို့က ဆန္ဒပြပိုစတာများ ဖျက်ဆီးခံရ
DVB
·
March 2, 2021
ခင်ဦးမြို့လယ် ဗိုလ်ချုပ်ကြေးရုပ်အနီးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ပုံနဲ့ လူသတ်ကောင်စာတန်းရေးပြီး လမ်းမကြီးတစ်လျှောက်မှာ GZ လူငယ်တွေက မနေ့က ကပ်ထားခဲ့ကြပါတယ်။
မတ်လ ၂ ရက်မနက်ပိုင်းမှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့အဖွဲ့နဲ့ မြို့နယ်ရဲမှူးအဖွဲ့တို့က မီးသတ်ကားခေါ်ရေဖျန်းပြီး ယူနီဖောင်းဝတ်၊ အရပ်ဝတ်ရဲတွေက လာရောက် ဖျက်ဆီးခဲ့ကြပါတယ်။